သမိုင်းဝင်လူသတ်တဲ့နေ့ တပေါင်းလပြည့်နေ့ 27.Mar.2021



ကဗျာ


တပေါင်းလပြည့်နေ့
သမိုင်းဝင်လူသတ်တဲ့နေ့...

ရွှေတိဂုံဘုရားကြီးကို
ရွှေသင်ကန်းကပ်လှူပြနေပေမယ့်
မြေပြင်ပေါ်မှာတော့ လူပေါင်းများစွာကို
သတ်ဖြတ်နေတယ်

မြန်မာ့တပ်မတော်ရဲ့စစ်အင်အားကို
တကမ္ဘာလုံးကသိအောင်ပြသနေပေမယ့်
အဲဒီစစ်အင်အားဟာ ပြည်ပနိုင်ငံက
လာကျူးကျော်ရင် ခုခံတိုက်ဖို့မဟုတ်ဘဲ
အပြစ်မဲ့တဲ့ပြည်သူတွေကိုသတ်ပစ်ဖို့ဖြစ်တယ်

ကျောင်းတွေပြန်ဖွင့်ဖို့ စေတနာထားပြီး
ဆောင်ရွက်နေသလိုလို လုပ်ပြနေပေမယ့်
ကျောင်းနေအရွယ်ကလေးတွေကိုပါ
ပစ်သတ်နေတာဖြစ်တယ်

ဆိုင်တွေပြန်ဖွင့်ပါ ပုံမှန်အတိုင်းသွားလာကြပါလို့
အတင်းဆော်သြနေပေမယ့်
ပုံမှန်လမ်းမှာသွားလာနေတဲ့သူတွေကိုပါ
ပစ်သတ်နေတာဖြစ်တယ်

မြန်မာနိုင်ငံမှာ
"တပ်မတော်နေ့"ဆိုတာ မရှိတော့ဘူး
"သွေးစွန်းသောလပြည့်နေ့"သာ ရှိတော့တယ်

ကြည့်ထားပါ...

ဘာသာခြားတွေကြီးစိုးလာရင်
"ဂျီဟက်"လုပ်ပြီးနင်တို့ကိုလည်လှီးလိမ့်မယ်ဆိုတဲ့ ဘာသာရေးမှိုင်းမိနေတဲ့သူတွေကို...
ဗုဒ္ဓဘာသာကိုကာကွယ်စောင့်ရှောက်နေပါတယ်
ဆိုတဲ့လူတွေက
တဖက်ကဘုရားတည်
တဖက်က ခေါင်းကိုပစ်ပြီးသတ်ပြနေတယ်

NLD တက်လာရင်
ဘုရားစင်ပျောက်လိမ့်မယ်ဆိုပေမယ့်
အခုအချိန်သံဃာတွေတောင်ဆွမ်းခံမကြွရဲတော့ဘူး

အမျိုးဘာသာသာသနာအတွက်
တပ်မတော်ရှိတယ်ဆိုပေမယ့်
အခုအချိန်မှာ လူမျိုးမရွေးဘာသာမရွေး
သံဃာတွေပါမချန်တွေ့သမျှပစ်သတ်နေတာ
သူတို့ပါပဲ

ဒီနေ့ မတ်လ၂၇ရက်
တပေါင်းလပြည့်နေ့
ရွှေတိဂုံဘုရားပွဲတော်နေ့
တပ်မတော်နေ့ဟာ
သမိုင်းဝင် "သွေးစွန်းသောလပြည့်နေ့"
Bloody fullmoon day ဖြစ်ခဲ့ပါပြီ..

Credit MinYel Kyaw Swar

Comments